မွန်ပြည်နယ်၊သထုံမြို့နယ် အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို မွန်ပြည်ဖက်ဒရယ်ကောင်စီက ဆန်၊ရိက္ခာတွေ ထောက်ပံ့ကူညီခဲ့တယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ လူသားချင်းစာနာမှုနဲ့ ကယ်ဆယ်ရေး ဌာနက စစ်ဘေးရှောင် အိမ်ထောင်စု (၈၆) စုအတွက် ဆန်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်က ဘီးလင်းမြို့နယ်၊ ဝင်းပြန်ကျေးရွာမှာ အကြမ်းဖက် စစ်တပ်ဘက်က ပစ်ခတ် လိုက်တဲ့ ကျည်ထိမှန်ပြီး အသက် ၁၄ နှစ်အရွယ် ကျောင်းသူ ၁ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။
လက်ရှိမှာ ဘီလင်းမြို့နယ် နဲ့ သထုံမြို့နယ်အတွင်းရှိ ကျေးရွာတွေက ဒေသခံ ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီးတော့ စားနပ်ရိက္ခာ လိုအပ်ချက်တွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။