သထုံမြို့နယ်၊ကြာပန်းကျေးရွာရှိ ဗိုလ်ကြီး( ပြုတ် ) တစ်ဦးဖြစ်သူ အကြမ်းဖက်စစ်တပ်သတင်းပေး ဝင်းနောင် ဆိုသူအား ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာ အုပ်စု၊ ကြာပန်းကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ နေအိမ်အတွင်းဝင်ရောက်ကာရှင်းလင်းခဲ့ခြင်းဖြစ်ပြီး အခြားသူများအားထိခိုက်မှုမရှိစေရန်လုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။
၎င်းဝင်းနောင်ဆိုသူမှာအမှတ် ၁ စစ်သားစုဆောင်းရေးတပ်မှ ဗိုလ်ကြီးပြုတ်တဦးဖြစ်ပြီးအကြမ်းဖက်စစ်တပ်အတွက်သတင်းစုဆောင်းပေးပို့ခြင်းနှင့် တပ်သားသစ်စုဆောင်းရရှိနိုင်ရန်လုပ်ဆောင်ခဲ့သူဖြစ်သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှလာရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဆက်လက်သိရှိရသည်။