မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် စစ်သားများလိုက်ပါလာသည့် ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ကြာညှပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၂၉ မိနစ်ခန့်တွင် ရွှေစကာရွာအနီး ကြာညှပ်ဂိတ်မှ ထွက်လာသည့် စစ်သား ၅၀ ခန့်ပါဝင်သော ၆ ဘီးကား ၁ စီးနှင့် ၁၂ ဘီးကား ၁ စီး ကို ပဒေသာမိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
” ရွှေစကာရွာအနီးမှာ ပဒေသာမိုင်း ၅ လုံးနဲ့ စစ်ခွေး ၅၀ ကျော်ပါလာတဲ့ ၆ ဘီးကား ၁ စီးနဲ့ ၁၂ ဘီးကား ၁ စီး စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်။ စစ်ခွေး ၄ ဦး ထက်မနည်း သေဆုံးမှုရှိတယ်။ သေဆုံး ဒဏ်ရာရ စစ်ခွေးတွေကို ရွှေစကာရွာနာရေးကားနဲ့ ကြာညှပ်ရွာ ကနေ နာရေးကားတွေလည်း အသုံးပြုပြီး စစ်ဆေးရုံကို သယ်ဆောင်သွားတယ်” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကြာညှပ် မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။