အကြမ်းမဖက် လူထုတော်လှန်ရေးကို ဦးဆောင်နေတဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးရဲ့ဖခင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ စစ်ကောင်စီက တရားစွဲဆိုလိုက်တယ်လို သိရပါတယ်။
ကိုမင်းလွင်ဦးရဲ့ဖခင် ဦးအောင်ဖေဟာ အသက် ၆၅ နှစ်အရွယ်ရှိပြီး လောင်းလုံးမြိုနယ်တရားရုံးက တရားစွဲဆိုလိုက်တာပါ။
“မနေ့က လာတွေ့ဖိုအကြောင်းကြားလာလို သွားတွေ့ကြတယ်တဲ့။ သူတိုကတရားစွဲတဲ့အချိန်တွေ့ခွင့်ပေးမယ်ပြောထားတာရှိတယ်။ ဒီတော့ မနေ့ကတရားစွဲတာဖြစ်နိုင်ပါတယ်” လို ကိုမင်းလွင်ဦးက ပြောပါတယ်။
ဦးအောင်ဖေကို ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က လောင်းလုံးမြိုနယ်၊ ပြင်းထိန်ရွာကနေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး စစ်ကောင်စီတပ်က အိမ်ကိုမွှေနှောက်ရှာဖွေကာ ကျောင်းသားသမဂ္ဂလက်ပတ်နဲ့ သပိတ်င်္အကျီတွေ့တယ်လိုဆိုကာ ဖမ်းဆီးသွားတာပဲဖြစ်ပါတယ်။
ကိုမင်းလွင်ဦးကတော့ အဲဒီပစ္စည်းတွေဟာ သူ့ရဲ့ဖခင်နဲ့ မဆိုင်တဲ့ပစ္စည်းတွေသာဖြစ်လို သက်သက်မဲ့စွပ်စွဲဖမ်းဆီးပြီး မတရားပုဒ်မတပ်တရားစွဲတာသာဖြစ်တယ်လို ဆိုပါတယ်။
“ကျနော်ကအသက်မပြည့်သေးတဲ့ကလေးလည်း မဟုတ်ဘူး။ ကိုယ်ယုံကြည်ရာကိုယ်လုပ်နေတဲ့အချိန်မှာ မိဘနဲ့ဘာမှမဆိုင်ဘူး။ သားသမီးမရရင် မိဘကိုရန်ရှာတာကတော့ သူတိုလုပ်နေကျပေါ့။ ကိုယ့်ကြောင့်ကိုယ့်အဖေကခံရတာဆိုတော့ စိတ်တော့မကောင်းဘူး” လို ကိုမင်းလွင်ဦးက ပြောပါတယ်။
ကိုမင်းလွင်ဦးရဲ့အဖေဟာ ကျန်းမာရေးမကောင်းသူတစ်ယောက်ဖြစ်ပြီး ဖမ်းဆီးခံရချိန်ကစလို ၂ လနီးပါးကြာတဲ့အထိ မိသားစုဝင်တွေနဲ့တွေ့ခွင့်မပေးခဲ့ဘဲ မနေ့ကမှပထမဆုံးအကြိမ်တွေ့ခွင့်ရတာလည်းဖြစ်ပါတယ်။
လက်ရှိမှာလည်း သူ့ကိုလောင်းလုံးမြိုမရဲစခန်းအချုပ်မှာ ဆက်လက် ဖမ်းဆီးထားတယ်လိုသိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနစ် နိုဝင်ဘာလမှာလည်း ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ ဒုဥက္ကဌဖြစ်သူ မသီရိမိုးရဲ့အမေကို စစ်ကောင်စီတပ်ကဖမ်းဆီးကာ ၅၀၅ (က) နဲ့တရားစွဲဆိုပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။
အခုလို သားသမီးကိုဖမ်းမရတာကြောင့် မိဘကိုဖမ်းဆီးတာ၊ အမျိုးသားကိုဖမ်းမရလို ဇနီးဖြစ်သူကိုဖမ်းဆီးတာ၊ ဓားစာခံအဖြစ်ဖမ်းဆီးပြီး လူလဲအဖမ်းခံခိုင်းတာအပြင် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ မိဘတွေကိုသတ်ဖြတ်တာတွေကိုလည်း တနင်္သာရီတိုင်းအပါအဝင် တနိုင်ငံလုံးမှာ စစ်ကောင်စီတပ်ကပြုလုပ်နေပါတယ်။