အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက လုပ်ငန်းတာဝန်များအတွက် အလုပ်နေရာတွေ ခေါ်ယူမှုကို ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အလုပ်ခေါ်ယူမှုအတွက် သတ်မှတ်ချက်တွေက လျှောက်ထားသူက ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်ရမယ်၊ ဝန်ကြီးဌာနရဲ့ လုပ်ငန်းများနဲ့ သင့်လျော်သော ပညာအရည်အချင်း ရှိရမယ် ၊ ကျန်းမာရေး ကောင်းမွန်သူဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် အကြမ်းဖက်စစ်အုပ်စု လက်အောက်မှာ တာဝန်ထမ်းဆောင်နေသူမဖြစ်ရဘူးလို့လည်း အသိပေးထားပါတယ်။
ဝန်ကြီးဌာနက တာဝန်ချထားမယ့် နေရာဒေသများကို သွားရောက်ပြီး တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမယ်ဆိုတာနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သယံဇာတကိစ္စရပ်များမှာ အတွေ့အကြုံရှိသူ ဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။
ဝန်ထမ်းရွေးချယ်ခန့်အပ်ရေးအဖွဲ့က အတည်ပြုရွေးချယ်ခြင်းခံရသူများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ အစီအစဥ်ဖြင့် ဒေသအသီးသီးသို့ တာဝန်ချထားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လျှောက်ထားလိုသူများအနေဖြင့် ဧပြီလ ၁၀ ရက်မှာ နောက်ဆုံးထားပြီး လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
လျှောက်ထားလိုသူတွေ အနေနဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
https://monrec.nugmyanmar.org/vacancy-announcement/ ကနေ လျှောက်ထားနိုင်သလို
Telegram Account- +66650958980
Telegram Username @HaruAlex
Telegram Account – +66950402751,
Telegram Username @fdmonrec
သတ္တုကဏ္ဍ
Telegram Account- +959768383582
Telegram Username @Mining_Gems
ကနေလည်း လျှောက်ထားနိုင်တယ်လို့ အသိပေးထားပါတယ်။