ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုသည့်အနေနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အဆိုအမိန့်တစ်ခုဖြစ်သည့် “စစ်မှန်တဲ့ လွတ်လပ်မှုဆိုတာ အကြောက်တရားမှ လွတ်မြောက်ရေးဖြစ်တယ်” ခေါင်းစဥ်နှင့် အဆိုပါ လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။