သာကေတမြို့နယ်၊ ၁၀ တောင်ရပ်ကွက်၊ သလ္လာဝတီ ၈ လမ်းထဲတွင် ယနေ့ည ၉ နာရီဝန်းကျင်အချိန်၌ လူငယ် ၈ ဦးအား အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ အုပ်ကြီး နှင့် စစ်ခွေးများမှ ဖမ်းဆီးသွားပြီး ငွေ ခုနှစ် ၇သိန်းဖြင့် ရွေးခိုင်းနေကြောင်း ဖမ်းဆီးခံရသူ မိဘများဆီမှ သတင်းရရှိပါသည်။
ထိုကဲ့သို့ ဖမ်းဆီးစစ်ဆေးပြီး ဘာပြစ်မှုမှ မရှိသောသူများကို အကြမ်းဖက်စစ်ကောင်စီမှ ရိုးရိုးပြတ်မလွှတ်ပေးပဲ ရသလောက်ငွေညှစ်ကာ ၎င်းတို့အတွက်ရော ၊ အထက်က စခန်းမှူး၊ စစ်ကောင်စီဘက်မှာလဲ ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်ဆင့် ကျန်အောင် နေရာတိုင်းတွင် ငွေညှစ်လေ့ရှိကြောင်း သိရပါသည်။ ဖမ်းဆီးသည့် အချိန်တွင်လည်း မူးရူးပြီး လမ်းဘေးမှောက်နေသူမျိုးကို မဖမ်းပေ၊ ရုပ်ရည် သန့်ပြန့် လူငယ်ဖြစ်ရမည်။ လူငယ်တိုင်းလည်းမဖမ်း ပြန်ရွေးနိုင်မည့် အနေအထားရှိမရှိကိုကြည့်သေးသည်ဟု ဆိုသည်။