ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်ရှိ မန်လွင် ပြည်သူ့စစ် စခန်းကို TNLA က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း တအာင်းတပ်မတော် PSLF/TNLA က ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်တွင် သန္နီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ မန်လွင် ပြည်သူ့စစ် တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက် သိမ်းပိုက် ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၈ နာရီ ၂၅ မိနစ်တွင် ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာ လမ်းခွဲ၌ အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် အစောပိုင်းတွင် အကြမ်းဖက် စစ်တပ်က နမ့်ဖက်ကာနှင့် နောင်ချိုမြို့နယ်ရှိ ဟိုမောကျေးရွာ နှင့် ဆင်ဖြူရေးကျေးရွာ ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။