Maryland ဂီတဖျော်ပွဲမှ အမေရိကန်ဒေါ်လာ သုံးသောင်းခွဲကျော် (ကျပ် သိန်း ၁၆၀၀ ခန့်) ရရှိပြီး စစ်ဘေးရှောင်တွေအတွက် လိုအပ်တာတွေ ထောက်ပံ့ပေးသွားမယ်လို့ ဖျော်ဖြေပွဲပြုလုပ်တဲ့ အဖွဲ့က အသိပေးထားပါတယ်။
“ငွေအားလုံးကို မြန်မာပြည်တွင်း ဒေသအချို့က စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးများ နဲ့ ဒဏ်ရာရရဲဘော်များအတွက် ဆေးဝါး၊ဆေးပစ္စည်း စတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ခွဲဝေပို့ဆောင်သွားမှာဖြစ်ပါတယ်။” လို့ Maryland Music Concert ရဲ့ဖေ့စ်ဘွတ်မှာတင်ပေးထားပါတယ်။
ဖျော်ဖြေပွဲကို ဇွန် ၂၉ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး တော်လှန်အနုပညာရှင်တွေနဲ့အတူ အမေရိကန်ကိုရောက်ရှိနေတဲ့ အနုပညာရှင်တွေလည်းပါဝင်ဖျော်ဖြေပေးခဲ့တာပါ။
ရန်ရန်ချမ်း၊ Cobra၊ ထက်အောင်ကျော်၊ ကျော်သီဟ၊ ခါရာ၊ လင်းထက်၊ လင်းနစ်၊ ဆော်လမွန် King၊ ၊ Mark Jason၊ M.သီဟ၊ မီမီဝင်းဖေ၊ အေးချမ်းမေ၊ အိမ်ဂျယ်လမုန်း၊ နင်ဇီမေ၊ ခင်စုစုနိုင်နဲ့ DJ Wineတို့ဖျော်ဖြေပေးခဲ့ပြီး အစီအစဉ်တင်ဆက်သူတွေအနေနဲ့ Russell နဲ့ မြတ်နိုးအေးတို့ကပါဝင်ခဲ့ကြတာပါ။ တီးဝိုင်းအနေနဲ့တော့ Federal Band မှ Lead Guitarist Oliver ၊ Bass Guitarist Chris ၊ Keyboard Elvin ၊ Drummer လင်းထက် တို့ကတီးခတ်ပေးခဲ့ပါတယ်။
ဒီဖျော်ဖြေပွဲက အမေရိကန်နိုင်ငံမှာ ပြုလုပ်တဲ့ မြန်မာဖျော်ဖြေပွဲတွေမှာ အနုပညာရှင် အများဆုံးပါဝင်တဲ့ပွဲဖြစ်တယ်လို့လည်း ပြောကြားထားကြပါတယ်။