မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့အဝင်နေရာအပါအဝင် နေရာ ၆ ခု၌ တော်လှန်ရေးပူးပေါင်းအဖွဲ့များက နယ် မြေလုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု -Kyaikhto Revolution Force ထံမှ သိရသည်။
ယမန်နေ့ ဩဂုတ်လ ၁၈ ရက်နံနက် ၇ နာရီခန့်မှ စ၍ နေ့လည် ၁၁ နာရီခန့်အထိ သိမ်ဇရပ်မြိုအနီးရှိ ကမ်းနီတိုးဂိတ်၊ ပုဂံဘုရား၊ သထုံစု၊ ကျောက်ကလပ်၊ ပေရှစ်ဆယ်၊ သိမ်ဇရပ်မြို့အဝင် တို့၌ နယ်မြေ စိုးမိုးရေးနှင့် စစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ လမ်းသွားလမ်းလာ ပြည်သူများမှ စစ်ဆေး မှုများကို တက်ကြွပျော်ရွှင်စွာပူးပေါင်းပါဝင်ပေးခဲ့ပြီးအစားအသောက်ပစ္စည် အများအပြားလှူဒါန်းပေးခဲ့ ကြောင်း သိရသည်။
အဆိုပါလမ်းပိုင်းလုံခြုံရေးစစ်ဆေးမှုကို KNU/KNLA၊ KRF၊ ABSDF၊ ဝံပလွေနက်စစ်ကြောင်းအဖွဲ့၊ ကျိုက်ထိုပကဖ တို့ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းပါဝင်ပေးကြသော မိဘ ပြည် သူများကို အထူးပင်ကျေးဇူးတင်ရှိကြောင်း KRF မှ ထုတ်ပြန်ထားသည်။