တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) သမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ကို TNLA တွဲဖက်အတွင်းရေးမှူး (၁)ဗိုလ်မှူးကြီး တားအိုမ်တမာဝ်းနဲ့ အုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးကြီး တားဂူဇားတို့ သွားရောက်ကြည့်ရှု့ခဲ့ပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ နမ့်ခမ်းမြို့ကို ဒီဇင်ဘာ ၁၈ ရက်နေ့မှာ သိမ်းပိုက်ထားတာပါ။
၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ TNLA က ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်ငေါ့၊ နမ့်ခမ်း၊ မိုင်းလုံ၊ ကွတ်ခိုင်မြို့နယ်စတဲ့ မြို့နယ်၇ မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။