ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ နမ့်ခမ်းနဲ့ လားရှိုးမြို့နယ် ၃နေရာမှာ အကြမ်းဖက် စစ်တပ်နဲ့ TNLAတို့ ဒီနေ့မနက်က တိုက်ပွဲဖြစ်ပွားနေပြီးတော့ အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်နေတယ်လို့ တအာင်းတပ်မတော် PSLF/TNLA က အသိပေးထုတ်ပြန်ပါတယ်။
တအာင်းပြည်နယ်မှာ ၁၀၂၇ စစ်ဆင်ရေးအဖြစ် PSLF/TNLA ဖော်ဆောင်နေတာဖြစ်ပြီး နိုဝင်ဘာ (၂၂)ရက် ဒီနေ့မနက်ပိုင်းတွေမှာ သီပေါမြိုနယ် ကျင်တီတံတား၊ နမ့်ခမ်းမြို စစ်ကောင်စီ စခန်းသစ်ကုန်းနဲ့လားရှိးမြိုနယ် စစ်ကောင်စီ မိုင်းကျက်တပ်စခန်းတွေက အကြမ်းဖက် စစ်အုပ်စုနဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
လားရှိးမြိုနယ် စစ်ကောင်စီ မိုင်းကျက်တပ်စခန်းကို နိုဝင်ဘာ ၂၁ရက် မနက်ပိုင်းက စတင်ပြီး တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က ညပိုင်းအထိ Jet Fighter နဲ့ (၈)ကြိမ် လာရောက်ပစ်ကူပေး တိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် ဒီနေ့ နိုဝင်ဘာ ၂၂ရက်နေ့ မနက် ၇နာရီ ၂၀မိနစ်ကလည်း အကြမ်းဖက် စစ်ကောင်စီတပ်ကထောက်ပိုယဥ် Y-12 နဲ့ တိုက်ပွဲ ထပ်မံ ဖြစ်ပွားရာ လားရှိးမြိုနယ် မိုင်းကျက်တပ်စခန်းဘက်ကို ဗုံး(၄၅)လုံး ထက်မနည်း ကြဲချခဲ့တယ်လို့ ဆိုပါတယ်။