ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နဲ့ နမ္မတူမြို့ ၂ ခုကြားက မိုးတေတံတားမှာ ရှိနေတဲ့ မိုင်းတွေကို တအင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ရှင်းလင်းရေးလုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးတေတံတားမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က တံတားပေါ် မိုင်း ပေါက်ကွဲလို့ တံတားပျက်စီးပြီးနောက် အဲဒီတံတားကို ဖြတ်သန်းသွားလာနေတဲ့ ကားသမားတွေက သစ်သားပြားတွေနဲ့ ကားငယ်တွေ သွားလာလို့ရအောင် ထပ်မံပြုပြင်ပြီး သွားလာနေခဲ့တာပဲ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ထော်လာဂျီတစ်စီးနဲ့ ခရီးသည်ကားတစ်စီး မိုင်းနင်းမိလို့ပေါက်ကွဲမှု ထပ်ဖြစ်ပြီးနောက် မှာ တအာင်းတပ် TNLA က မိုင်းတွေရှင်လင်းခဲ့တာပါ။
‘တံတားကို ကားငယ်တွေဖြတ်လို့ရအောင် ကားငယ်သမားတွေပြင်တာပါ၊ TNLA က မိုင်းရှင်းတယ်လို့ ကြားပေမယ့် အန္တရာယ် ရှိလို့သွားမကြည့်ဖြစ်ပါဘူး၊ မိုင်းမရှိတော့ လူထုဒုက္ခမရောက်တော့ဘူးပေါ့’ လို့ သီပေါဒေသခံတစ်ဦးကပြောပါတယ်။
အဲဒီမိုင်းတွေဟာ စစ်တပ်က အသုံးပြုနေတဲ့ တင့်ဖျက်မိုင်းအမျိုးအစားတွေ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေအနေနဲ့ တပ်စခန်းသွားလမ်းတွေမှာ ထောင်ထားတတ်ပြီး အဲတံတား ဝန်းကျင်မှာလဲ သီပေါ စစ်အင်ဂျင်နီယာတပ်က မိုင်းတွေထောင်တာရှိလို့ လူတွေက ကြောက်ပြီးမသွားရဲကြပေမယ့် နွားလို တိရိစ္ဆာန်တွေ မကြာခဏ မိုင်းထိတယ်လို့ သိရပါတယ်။