မြောက်ဦးမာ ဒီဇမ်ဘာ ၂၅ ရက်နိကစလို့ပျောက်ဆုံးနီရေ သားမိနှစ်ယောက်ကို သုံးရက်ခန့်အကြာ ဒေနိ (ဒီဇမ်ဘာ ၂၇ ရက်နိ) နိခင်းဖက် အိမ်ခြံဝင်းထဲမာ လက်နက်ကြီးကျည်ကျ ဒဏ်ရာတိနန့် သီဆုံးလျက်တွိခကြောင်း သိရပါရေ။
သီဆုံးလျက်တွိဟိရရေ သားအမိနှစ်ယောက်ကတော့ မြောက်ဦးမြို့ ၊ ဆင်ချဆိပ် (ရွာသစ်)က ဒေါ် မအောင်စိန်(၅၆ နှစ်)နန့် သားဖြစ်သူဦးသိန်းသိန်းလှိုင်(၃၀ နှစ်) ရို့ ဖြစ်ကတ်ပါရေ။
“ဒီဇမ်ဘာ ၂၅ ရက်နိ၊ညဇာပိုင်းကစစ်ကောင်စီပစ်လိုက်တေလက်နက် ကြီး ၈ လုံး ကျနော်ရို့ ရပ်ကွက်ကို ကျခပါရေ။ ယင်းနိ၊ ယင်းအချိန်လောက်ကပင် ဒေါ်မအောင်စိန်ရို့ သားမိနှစ်ယောက် ပျောက်နီခပါရေ။ဒေနိမှရာ အနားပတ်ဝန်းကျင်က လူတိ လိုက်ရှာကတ်လို့ အိမ်နောက်ဖက်ကအဆောင်မာ လက်နက်ကြီးကျည်ကျဒဏ်ရာတိနန့် အလောင်းတိကို ရှာတွိခရပါရေ” လို့ ယင်းရပ်ကွက်နီ ဒေသခံတယောက်က ပြောပါရေ။
ကုန်ခရေဒီဇမ်ဘာ ၂၅ ရက်နိ နိခင်း ၃ နာရီလောက်က စစ်ကောင်စီတပ် ခမရ ( ၃၇၇) တပ်ရင်းက ရပ်ရွာတိကို လက် နက်ကြီးနန့် အကြိမ် ၅၀ တိတိ ယမ်းကားပစ်ခတ်ခပါရေ။
ယင်းအထဲကလက်နက်ကြီးကျည် ၈ လုံးစွာ ဆင်ချဆိပ်ရပ်ကွက်သို့ ကျရောက် ပေါက်ကွဲခလို့ ရပ်ကွက်အတွင်းဟိ ပြည်သူတိမာလည်း ဖီးလွတ်ရာကို ထွက်ဗြီးတိမ်းယှောင်ခကတ်ပါရေ။
လက်ဟိမာ မြောက်ဦးမြို့ကို ဖက်ဆစ်စစ်ကောင်စီတပ်၏ အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွင်း အရပ်သားပြည်သူ ၁၄ ယောက်ထက်မနည်းသီဆုံးခရပြီးကေ ၁၇ ယောက်ထက်မနည်း ဒဏ်ရာရဟိထားပြီးဖြစ်ကြောင်း သိရပါရေ။