သူရဲကောင်းလေးဦးကျဆုံးခြင်း (၁)နှစ်ပြည့်အဖြစ် ရန်ကုန်မြို့ တစ်နေရာတွင် တော်လှန်လူငယ်များက စစ်အာဏာရှင် ဆန့်ကျင်ရေး ပြောက်ကျားသပိတ် ယနေ့ (ဇူလိုင် ၂၅) ညနေက ဆန္ဒပြခဲ့ကြသည်။
ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အား စစ်ကောင်စီမှ မတရားကြိုးပေးကွပ်မျက်ခဲ့သည်က (၁)နှစ်တိတိပင်ရှိခဲ့ပြီ ဖြစ်သည်။
ထိုကြောင့် လူငယ်များက နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သော သူရဲကောင်းလေးဦး အပါအဝင် အဖမ်းဆီး အချုပ်နှောင်ခံထားရဆဲ ရဲဘော်များနှင့် အသက်ပေးတိုက်ပွဲသွားကြသော ရဲဘော်များအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။
ယင်းဆန္ဒပြ လှုပ်ရှားမှုကို Owl Communityနှင့် Falcon Revolution Team တို့ ပူးပေါင်း၍ တာမွေသပိတ်ကော်မတီ၏ Scoutအကူအညီဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။