သံဃာတော်များ၏ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်ကိုထောက်ခံကြောင်း လှုပ်ရှားမှုကို ရန်ကုန်မြို့မှ တော်လှန်သပိတ်ညီနောင်များနှင့်ပူးပေါင်းပြုလုပ်ခဲ့ကြောင်း Owl Community မြေပြင်တာဝန်ခံ AKက ပြောသည်။
“ရဟန်းသံဃာတော်များအနေနဲ့ ဒီဖက်ဆစ်လူသတ်ကောင်အာဏာရူး မင်းအောင်လှိုင်ကို ပြည်သူလူထုနဲ အတူ ပြတ်ပြတ်သားသား ဆန်ကျင့်ကြဖို တိုက်တွန်း လျှောက်ထားချင်ပါတယ်ဗျ” ဟု ၎င်းက ပြောသည်။
“ဓမ္မန္တရာယ် စကစ ရဟန်းရှင်လူအားနဲ့ တိုက်ဖျက်ကြ”စာသားအပါအဝင် “ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်” စာသားပါသည့် စာရွက်များကို သပိတ်ရဲဘော်များကကိုင်ဆောင်၍ လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းလှုပ်ရှားမှုကို Owl Communityနှင့်အတူ ညီနောင် အဖွဲ့များဖြစ်သည့် Kyimyindaing Networks (KMD18)၊Mayangone Democratic Front (MDF)၊ LinnYoungNi Youth Association (LYNYA)တို့နှင့်ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။