ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သူဌေးရေအားလျှပ်စစ်စီမံကိန်း အနီးရှိ တောင်တန်းများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဧပြီလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် သံတွဲမြို့နယ် သူဌေးရေအား လျှပ်စစ် စီမံကိန်း အနီးရှိ တောင်တန်းများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၁၀ ကြိမ်ခန့် ပစ်ခတ်နေခြင်းကြောင့် တောင်တန်းများတွင် မီးလောင်နေပြီး အနီးအနားရှိ မန်ကျည်းချောင်ရွာ ထိပ်တွင်လည်း ပေါက်ကွဲမှုများရှိကြောင်း သိရသည်။
“ဒီနေ့ ၁ နာရီဝန်းကျင်လောက်က သံတွဲနယ် သူဌေးရေအား လျှပ်စစ် အနီးက တောင်တန်းတွေကို စစ်ခွေးတွေက လေယာဉ်နဲ့ ပတ်ပစ်နေတာ ၁၀လုံးဝန်းကျင်ရှိတယ်။ တချို့တောင်တန်းတွေ မီးလောင်နေတယ်။ အနီးအနားက မန်ကျည်းချောင်ရွာထိပ်မှာလည်း ပေါက်ကွဲတာတွေရှိတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။