ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သူဌေးရေအားလျှပ်စစ် စီမံကိန်းအနီး AA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး မြန်မာစစ်တပ်၏ ရေတပ် သင်္င်္ဘောကလည်း လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ကူနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ယနေ့ ဧပြီလ ၂၆ ရက်နေ့ နံနက် ၉ နာရီခန့်က စတင်ကာ သံတွဲမြို့နယ်၊ သူဌေးရေအားလျှပ်စစ် စီမံကိန်းအနီး AA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲပြင်း ထန်နေပြီး လက်နက်ကြီး ပေါက်ကွဲများ အဆက်မပြတ် ထွက်ပေါ်နေကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်၏ နေဗီကလည်း လက်နက်ကြီးများဖြင့် ဆက် တိုက် ပစ်ကူနေကြောင်း သိရသည်။
“သံတွဲ-တောင်ကုတ် နယ်စပ် သံတွဲမြို့နဲ့ မိုင် ၂ဝ အကွာ သူဌေးရေအား လျှပ်စစ်စီမံကိန်းရှိရာနေရာမှာ မနက် ၉ နာရီက တည်းက တိုက်ပွဲပြင်းထန်နေတာ လက်နက်ကြီး ပေါက်ကွဲသံတွေ အဆက်မပြတ် ကြားနေရတယ်။ အခုအချိန်အထိ သေနတ်သံတွေ ဆူညံနေတယ်။ စစ်ခွေး ရေတပ်ကလည်း လက်နက်ကြီး ပစ်ကူပေးနေတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် သူဌေးရေအား လျှပ်စစ် စီမံကိန်းရှိရာ နေရာတွင် ပြီးခဲ့သည့် တစ်လကျော်မှ စတင်၍ စီမံကိန်း ဧရိယာအတွင်း လက်နက်ကြီးများတပ်ဆင်ကာ တပ်စွဲနေရာယူထားခြင်းကြောင်း သိရှိရသည်။