ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့နယ်တွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) မှ တပ်ကြပ်ကြီး အောင်ထိုက် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူ များနှင့် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၅ ရက်နေ့ ည ၇ နာရီအချိန် ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့နယ်၏ စရဖ တာဝန်ခံ တပ်ကြပ်ကြီး အောင်ထိုက်သည် ဟင်္သာတနတ်မှော် ကားလမ်းအတိုင်း ဟင်္သာတမှ နေအိမ်ရှိရာ ကုန်းကြီးကျေးရွာသို့ တစ်ဦးတည်း ဆိုင်ကယ်မောင်းနှင်ပြန်လာစဉ် ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအနီးသို့အရောက် သေနတ်သမားက သေနတ် ဖြင့် ၅ ချက် ပစ်ခတ်ခဲ့ကြောင်း၊ တပ်ကြပ်ကြီး အောင် ထိုက်မှာ ဝဲနားထင်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တည်းဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
“အခု ဟင်္သာတမြို့ကိုရော ကုန်းကြီးကျေးရွာကိုရော စစ်ခွေးနဲ့ရဲခွေးတွေက ပိတ် ဆို့ထားတယ်။ ဘယ်သူကိုမှ အပြင် မပေးမထွက်ဘူး။ ဖြစ်တာက မနေ့ညက တည်းကကို အခုမနက်အထိ အကုန်ပိတ်ဆို့စစ်ဆေးနေတာ။ အဲဒီစရဖ အောင် ထိုက်က ပြည်သူတွေကို အပြစ်မရှိ အပြစ်ရှာ နိုင်ငံရေးမှုနဲ့ ဖမ်းပြီး ငွေညှစ်နေသူပဲ” ဟု ဟင်္သာတမြို့ခံတစ်ဦးက ပြောဆိုသည်။