ချင်းပြည်နယ်၊ ဟားခါးမြို့က နှစ်ခြင်းသာသနာနယ်အဖွဲ့ ( HBA ) ရဲ့ ဆေးရုံကို စစ်ကောင်စီက မနေ့ညက ဧည့်စာရင်းစစ်လို့ သူနာပြုဆရာမလေးဉီးအပါအဝင် ဆရာဝန်မတစ်ဉီးအဖမ်းခံရပြီး ဟားခါးမြို့တွင်းက လူငယ်တစ်ချို့လည်း အဖမ်းခံရကြောင်း ဟားခါးဒေသခံတစ်ဉီးထံ သိရပါတယ်။
“ မနေ့ညက စစ်ကောင်စီတပ်က ဧည့်စာရင်းစစ်တော့ Agape ဆေးရုံက ဆရာဝန်မတစ်ဉီးနဲ့ သူနာြပုဆရာမလေးဉီး ဖမ်းသွားပါတယ်၊ ပြည်တော်သာရပ်ကွက်မှာလည်း လူငယ် ၆ ယောက်လောက်ပါသွားတယ်လို့လည်း ကြားရပါတယ်။ “ လို့ ပြောပါတယ်။
အခုနောက်ပိုင်း ဟားခါးမြို့တွင်းမှာ ဧည့်စာရင်းအကြောင်းပြရင်း စစ်ကောင်စီတပ်က လူငယ်တွေအဖမ်းအဆီးများလို့ ဟားခါးမြို့ခံပြည်သူတွေလည်း စိုးရိမ်ပူပန်နေကြရပါတယ်။