ချင်းပြည်နယ်၊ ဟားခါးမြို့ နှစ်ခြင်းဘုရားကျောင်းဝန်းအတွင်း ယနေ့ ဩဂုတ် ၁၄ ရက်ညနေ ၅ နာရီတွင် စစ်ကောင်စီကပစ်ခတ်တဲ့ လက်နက်ကြီး ၂ လုံးကျရောက်ပေါက်ကွဲပြီး သင်းအုပ်ဆရာတော်နေအိမ်အနည်းငယ်ပျက်စီးသွားတယ်လို့သတင်းရရှိပါတယ်။
ဒါ့ပြင် ယနေ့မနက်ပိုင်းက ဟားခါးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းကနေ လက်နက်ကြီးပစ်ခတ်ရာ Loklung ကျေးရွာအတွင်း ၃ ကြိမ်ကျရောက်ပေါက်ကွဲပြီး လူနေအိမ် ၃ လုံးပျက်စီးခဲ့ပါတယ်။ လူတွေထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့သိရတယ်။