ရှမ်းမြောက်၊ ဟိုပန်နဲ့ ပန်လုံကို စစ်ကောင်စီက ဇန်နဝါရီဝါရီ ၄ ရက်နေ့က UWSA “ဝ”တပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပေမယ့် ဒီနေ့ ဇွန် ၁၄ ရက်နေ့မှာ UWSA”ဝ”တပ်ဖွဲ့ရဲ့ အုပ်ချုပ်မှုအောက်ကို တရားဝင် ထည့်သွင်းလိုက်တယ်လို့ UWSP/UWSA က တရားဝင်ထုတ်ပြန် ကြေညာလာတာ ဖြစ်ပါတယ်။
ဟိုပန်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း မြောက်ပိုင်း မဟာမိတ်တပ်တွေကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီးနောက် UWSA က ဝင်ရောက် တပ်စွဲခဲ့တာဖြစ်ပြီး စစ်ကောင်စီက UWSA “ဝ” တပ်ဖွဲ့ထံ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။
ဟိုပန်နဲ့ မိုင် ၂၀ ဝေးတဲ့ ပင်လုံကိုလည်း UWSA က အုပ်ချုပ်တဲ့ နယ်မြေထဲ ထည့်သွင်းလိုက်ပြီး “ဝ”ပြည်နယ်အစိုးရရဲ့ အုပ်ချုပ်မှု ပိုင်နက်ဖြစ်တယ်လို့ ဒီနေ့မှာ တရားဝင်ကြေငြာလာတာဖြစ်ပါတယ်။
ဟိုပန်ခရိုင်ကို UWSA ရဲ့ တပ်မဟာ ၃၁၈ ယာယီ အုပ်ချုပ်မှုကို ဖျက်သိမ်းပြီး “ဝ”ပြည်သွေးစည်းညီညွတ်မှုပါတီ(UWSP) “ဝ”ပြည်နယ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်ထည့်သွင်း လိုက်တာဖြစ်ပြီး ဟိုပန်ခရိုင် အတွင်းရေးမှူး၊ ခရိုင်မှူး အုပ်ချုပ်မှုအဆင့်ဆင့် ရာထူးပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးတပ်တွေဘက်က တည်ရှိဆဲလို့ မယူဆတော့တဲ့ စစ်အုပ်စုက ပြဌာန်းခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေမှာတော့ ဟိုပန်နဲ့ပန်လုံဟာ “၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစစ်ကောင်စီရဲ့ထိန်းချုပ်ဒေသအဖြစ် ခရိုင်တစ်ခုသတ်မှတ်ထားတာဖြစ်ပြီး ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ဟိုပန်မှာ လူဦးရေ ၅၄၈၄၉ နဲ့ပန်လုံမှာ ၆၂၀၆ ဦးရှိတယ်လို့ သိရပါတယ်။