ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပါဝင်သော ဟိုပန်မြို့မှ အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအပါအဝင် စစ်ကောင်စီတပ်စခန်းများကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကယနေ့တိုက်ခိုက်နေသည်။
“မနက် အစောကြီးကတည်းက တိုက်ပွဲဖြစ်နေတာပါ။ စစ်တပ်အတိုက်ခံနေရတာပါ” ဟု ဟိုပန်မြို့ခံတဦးပြောသည်။
ဟိုပန်မြို့သည် ချင်းရွှေဟော်၊ကွမ်းလုံမြို့တို့နှင့် ထိစပ်နေပြီး မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကထိန်းချုပ်ထားသည့် အဆိုပါမြို့နယ်နှစ်ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ဌာနဆိုင်ရာဝန်ထမ်းများ လာရောက် ရှောင်တိမ်းနေသောနေရာဖြစ်ကြောင်းသိရသည်။
ယနေ့ နံနက် ၁၀ နာရီ၌ ရရှိသော သတင်းအရ ဟိုပန် မြို့နယ်မှ စစ်ကောင်စီစခန်းများကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထိုးစစ်စင်တိုက်ခိုက်နေပြီး ပစ်ခတ်သံများကြားနေရကြောင်း မြို့ခံများကပြောသည်။တိုက်ပွဲများကြောင့် လမ်းပေါ်တွင် လူသွားလူလာမရှိတော့ကြောင်း လည်းသိရသည်။