စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီ၊ ရှမ်းနီတပ်(SNA)ပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲအပြင်းအထန်ဆက်ဖြစ်ပွားနေပြီး စက်တင်ဘာ၂၄ ရက်နေ့ကတိုက်ပွဲတွင် စစ်ကောင်စီအုပ်စုမှ ၂၀ဦးထက်မနည်းသေဆုံးကာ ပြည်သူ့ကာကွယ်ရေးရဲဘော်ကိုးဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။
“တနေကုန် ဖြစ်တာပါ။ စစ်တပ်တွေဘက်က ၂၀ ကျော်သေတယ်လို့ သတင်းပြန်ရပါတယ်။ နောင်ပိုအောင်ဆေးရုံထဲကို သယ်သွားပါတယ်။
နောင်ပိုအောင်ရွာကိုလည်း မနေ့က မာရှယ်လောထုတ်ကြောင်း စစ်ကောင်စီဘက်က လိုက်ပြီးကြေညာနေပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
နောင်ပိုအောင်စံပြရွာနှင့် လွှစင်ကုန်းကျေးရွာအနီးတပ်စွဲထားသော စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက အင်အား ၃၀၀ခန့်ဖြင့် ပြန်လည်စစ်ကြောင်းထိုးနေစဉ် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။
“ဒီနေ့လည်း တိုက်ပွဲတွေ ဖြစ်နေတာ။ စစ်ရေးတင်းမာနေဆဲပါပဲ”ဟု ဟုမ္မလင်းမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက စက်တင်ဘာလ ၂၅ရက်တွင် ပြောကြားခဲ့ပါသည်။