စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်စံပြရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်စံပြကျေးရွာ၌ အခြေချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေး တပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကိုင်းတိုင်း အထူး တပ်ရင်းများ၊ ခရိုင်တပ်ရင်းများ၊ ပကဖတို့ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။