စစ်ကိုင်းတိုင်း ၊ဟုမ္မလင်းမြို့နယ်ရှိ လွှစင်ကုန်းကျေးရွာ၌ တိုက်ပွဲပြင်းထန်နေကြောင်း ဟုမ္မလင်း PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ယနေ့ (နိုဝင်ဘာ ၇ ရက်)ကစ၍ ဟုမ္မလင်းမြို့နယ်ရှိ နောင်ပိုအောင် – လွှစင်ကုန်း – အောင်ပင်လမ်းပိုင်း၊ နောင်ပိုအောင် – အထက်အော်သော် – ခုံတန်းကျေးရွာ လမ်းပိုင်းများအား အသုံးမပြုကြရန် တားမြစ်လိုက်သည်။
“ဒီလ ၂ ရက်နေ့ကတည်းက တိုက်ပွဲစတာပေါ့။စကစနဲ့ SNA(ရှမ်းနီပြည်သူ့စစ်)က လွှစင်ကုန်းရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ ဘန်ကာတွေ ဆောက်ပြီး အခိုင်အမာခံစစ်ပြင်ထားတာ” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
လက်ရှိစစ်ရေးအရ တော်လှန်ရေးတပ်ပေါင်းစုအနေဖြင့် လွှစင်ကုန်းတစ်ရွာလုံးကို သိမ်းပိုက်ထားပြီး စစ်ကောင်စီခံစစ်စခန်းကို ပိတ်ဆို့ထားသည်ဟု သည်။
လွှစင်ကုန်းရွာမှ နောင်ပိုအောင်ကျေးရွာကို ဖြတ်သန်းပြီးပါက ဟုမ္မလင်းမြို့သို့ရောက်ရှိနိုင်သည်။ထို့ကြောင့် စစ်ကောင်စီက လွှစင်ကုန်းကျေးရွာအား ခံစစ်အဖြစ်လက်မလွှတ်ရရေး ကြိုးပမ်းနေခြင်းဖြစ်သည်။