အကြမ်းဖက်စစ်ကောင်စီက ယနေ့တွင် အကျဉ်းသား ၇၇၄၉ ကို အကြမ်းဖက် စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး EAO နှင့် ဆက်စပ်၍ တရားစွဲ ခံထားရသူ ၇၂ ဦး၊ ပြစ်ဒဏ်ကျခံနေရသော တိုင်းရင်းသားလက်နက်ကိုင် ၂၂ ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။
ထို့ပြင် သေဒဏ်ကျ အကျဉ်းသားတချို့ကိုလည်း တစ်သက်တစ်ကျွန်း ပြစ်ဒဏ် သို့ ပြော်ငးလဲပြီး ပြစ်ဒဏ်ကျ ပြည်ပ နိုင်ငံသား ၁၂၅ ဦးကိုလည်း ပြန်လွှတ် ပေးကြောင်း အကြမ်းဖက် စစ်ကောင်စီက ယနေ့ သတင်းထုတ်ပြန်ထားသည်။