အကြမ်းဖက်စစ်အာဏာရှင်ရဲ့ တရားလက်မဲ့ ကွပ်မျက်မှုတွေကို မှတ်ထားတယ်လို့ ဥရောပပါလီမန်က ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီအပါအဝင် နိုင်ငံရေးအကျဉ်းသား လေး ယောက်ကို ကွပ်မျက်ခံရတဲ့ ၁ နှစ်ပြည့်မှာ ကြေညာလိုက်ပါတယ်။
ဥရောပပါလီမန်ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဦးဖြိုးဇေယျာသော် ဥရောပပါလီမန်ကို ၂၀၁၉ ခုနှစ်က အလည်အပတ်ရောက်ရှိစဉ်က ပုံကို အမှတ်တရဖော်ပြထားပြီး မြန်မာအကြမ်းဖက်အာဏာရှင်တွေရဲ့ လုပ်ရပ်ကို မမေ့ဘူးလို့ ရေးသားထားပါတယ်။
ဇူလိုင်လ ၂၃ ရက်နေ့ဟာ ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီအပါအဝင် နိုင်ငံရေးအကျဉ်းသား လေး ယောက်ကို အကြမ်းဖက်စစ်အာဏာရှင်က မတရားစီရင်ခဲ့ပါတယ်။