အကြမ်းဖက်စစ်ကောင်ကိုစီကို တန်ပြန်ထိုးစစ်ဆင်နိုင်ရန် ချင်းအမျိုးသားတပ်မတော် (CNA) မှ ဦး ဆောင်ကျင်းပသည့် တပ်ပေါင်းစုသင်တန်း သင်တန်းဆင်းပွဲကို CNA တပ်ရင်း တစ်ခု၌ ကျင်းပခဲ့ကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ဩဂုတ်လ ၂၉) ရက်နေ့က ချင်းပြည်နယ်အတွင်းရှိ CNA တပ်ရင်းတနေရာ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲသို့ ချင်းအမျိုးတပ်ဦး/တပ်မတော်မှ ခေါင်းဆောင်များ၊ အရာရှိကြီးများ၊ မဟာမိတ်တပ် ဖွဲ့များမှ ခေါင်းဆောင်များ/တာဝန်ရှိသူများ၊ သင်တန်း နည်းပြနှင့် သင်တန်းဆင်းရဲဘော်များ၊ ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ တပ်ပေါင်းစုသင်တန်းကို ချင်းအမျိုးသားတပ်မတော် (CNA)၊ ယောဒေသ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ (YPDF) နှင့် ချင်းကာကွယ်ရေးအဖွဲ့ (၄) ဖွဲ့မှ သင်တန်းသားများ စုစုပေါင်း သင်တန်းသားဦးရေ (၂၄၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလ (၃) လ ကြာမြင့်ခဲ့ကြောင်း သိရသည်။
ယခုလေ့ကျင့်မှုသည် ဘုံရန်သူ စစ်ကောင်စီ၏ အကြမ်းဖက်တပ်ကို စုပေါင်းအားဖြင့် တန်ပြန်ထိုးစစ် ဆင်ကာ တော်လှန်ရေးအရှိန်မြှင့်တင်မည့် အစီအစဉ်ဖြစ်ကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။