မကွေးတိုင်း၊မကွေးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ အလိုကျ ကျင်းပပြုလုပ်တဲ့ သီတင်းကျွတ်မီးထွန်းပွဲတော်ကို တော်လှန်ရေး မဟာမိတ် တပ်ဖွဲ့ကအသံမိုင်းနဲ့ ခြိမ်း ခြောက်သတိပေးခဲ့တယ်လို့ Student Revolution Army က ဒီနေ့ရက်စွဲနဲ့ အသိပေးထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ကန်သာယာဘောင်နဲ့ မြို့တော်ခန်းမ အနီးက မီးထွန်းပွဲတော်ကို အောက်တို ဘာ ၂၉ ရက် ည ၇ နာရီ မိနစ် ၃၀ အချိန်က တော်လှန်ရေး ပူးပေါင်းအဖွဲ့က သတိပေးတဲ့အနေနဲ့ အသံမိုင်း (၂)လုံးနဲ့ ခြိမ်းခြောက်ဖောက်ခွဲမှု ပြုလုပ်ခဲ့ကြတာပါ။
အကြမ်းဖက်စစ်ကောင်စီရဲ့ အယောင်ပြ မီးထွန်းပွဲတော်ကို တစ်နိုင်ငံလုံး ဒုက္ခရောက်နေချိန် အပျော်ကျူးနေတာ၊ အကြမ်းဖက် စစ်ကောင်စီရဲ့ ပွဲတော်ကို ပါဝင်အားဖြည့်တာတွေ ပြုလုပ်နေတဲ့ အတွက် အခုလို အသံမိုင်းနဲ့ ဖောက်ခွဲ၊ ခြိမ်းခြောက် ခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ညီနောင်မဟာမိတ် တော်လှန်ရေးပူးပေါင်းအဖွဲ့က အကြမ်းဖက် စစ်ကောင်စီ နဲ့ ပက်သတ်ဆက်နွယ်သူမှန်သမျှကို တိုက်ခိုက်ချေမှုန်း သွားမှာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီက ကျင်းပတဲ့ ပွဲလမ်း သဘင်တွေ အနီးတဝိုက်နေရာတွေကို သွားလာတာတွေ မပြုလုပ်ကြဖို့ အသိပေး ထုတ်ပြန်ထားပါတယ်။
အဆိုပါ အသံမိုင်းနဲ့ ခြိမ်းခြောက်ဖောက်ခွဲမှုကို Student Revolution Army(SRA)၊ Magway Guerrilla Warfare(မကွေးပြောက်ကျားတပ်ဖွဲ့)။ TDG Special Guerrilla Force (တောင်တွင်းကြီးအထူးပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။