အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းမှုမှာ ရွေးချယ်ခံရသူတွေကို ဆေးအောင်တာနဲ့ ပြန်မလွှတ်တော့ဘဲ သင်တန်းကျောင်းကို တခါတည်းပို့ဆောင်ဖို့အတွက် လုပ်ဆောင်နေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။
“အကြမ်းဖက်စစ်တပ်ဟာ အဓမ္မစစ်သားစုဆောင်းမှုအတွက် မဲပေါက်ထားသူတွေကို မတ်လ ၂၈ ကစပြီး ဆေးစစ်ဖို့ခေါ်ပါလိမ့်မယ်။ ဆေးအောင်တာနဲ့ ပြန်မလွှတ်တော့ပဲ သင်တန်းကျောင်းကို တန်းပို့ပါလိမ့်မယ်” လို့ တပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မ စစ်သားစုဆောင်းမှုနဲ့ ရင်ဆိုင်နေရတဲ့ လူငယ်တွေက သတ်သေမှု တွေနဲ့ ထွက်ပြေးတာတွေကို လုပ်ဆောင်နေကြပါတယ်။
မန္တလေးတိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ထောက်ရှာကျေးရွာမှာ အသက် ၂၇ နှစ်အရွယ် မောင်အောင်လင်းနိုင်က အဓမ္မစစ်သားစုဆောင်းမှုမှာ မဲပေါက်သွားတဲ့အတွက် ကြိုးဆွဲချပြီးတော့ အဆုံးစီရင်သွားတယ်လို့ သတင်းတွေအရ သိရပါတယ်။
မဲပေါက်ရာမှာ ပြည်ပရောက်နေပါ ကျန်ရှိတဲ့ မိဘတွေကို ဖိအားပေးလုပ်ဆောင်တာ ၊ အဓမ္မ စစ်သား စုဆောင်းမှုအပေါ် သိန်းဆယ်နဲ့ချီပြီးတော့ လာဘ်ပေးလာဘ်ယူမှုတွေ လုပ်ဆောင်တာတွေကို အကြမ်းဖက်စစ်ကောင်စီ ထောက်တိုင်တွေ ၊ အုပ်ချုပ်ရေးမှူးတွေက လုပ်ဆောင်နေကြပါတယ်။
ရန်ကုန်နဲ့ မန္တလေးမှာတော့ သပိတ်အင်အားစုတွေက အကြမ်းဖက်စစ်ကောင်စီထောက်တိုင်တွေ အနေနဲ့ အဓမ္မစစ်သားစုဆောင်းရေးမှာ ပါဝင်ပတ်သက်နေရင် အရေးယူမှုတွေ ပြုလုပ်မယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
ဒါအပြင် နိုင်ငံတဝန်းမှာလည်း ပြည်သူတွေက အဓမ္မစစ်သားစုဆောင်းရေးအပေါ် ကန့်ကွက်ကြောင်း ဆန္ဒပြမှုတွေ ပြုလုပ်နေပါတယ်။