အကြမ်းဖက်စစ်ကောင်စီက တစ်စုံတစ်ရာ အပြောင်းအလဲမရှိဘဲ အာဏာသိမ်းမှုကို သက်တမ်း ထပ်မံ ၆ လတိုးလိုက်ကြောင်း စစ်ကောင်စီက တရားဝင် ထုတ်ပြန်ကြေညာသည်။
ယနေ့ ကျင်းပသည့် စစ်ကောင်စီ၏ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ) အစည်းအဝေးတွင် အကြမ်းဖက်စစ်ကောင်စီအတွင်း လက်ရှိ ဆုံးရှုးသွားသော ရှမ်းမြောက်ဒေသ ၁၇ မြို အပါအဝင် မြိုပေါင်း ၃၀ ကျော်ကို ပြန်လည် ရယူရန်အတွက် စစ်တပ်က အင်အားများ တိုးမြှင့်သုံး၍ နယ်မြေများ ပြန်လည် သိမ်းယူရန် တင်ပြ ဆွေးနွေးမှု ရှိကြောင်း သိရှိရသည်။
“ကာ/လုံမှာ ဆွေးနွေးတဲ့အထဲမှာ ဆုံးရှုးတဲ့နယ်မြေတွေကို မီးကုန်ယမ်းကုန် အင်အားသုံးပြီး ပြန်ယူဖို သဘောတူညီမှု ရှိတယ်လို ကျနော်တို ကြားရပါတယ်။ အဲဒီအချက်ကိုတော့ သူတို ထုတ်ပြန်ချက်မှာ ပါတာမတွေ့ရဘူး။ သဘောကတော့ စစ်ဆက်တိုက်ဦးမယ်။ စစ်တိုက်ဖို သက်တမ်း ထပ်တိုးပေးပါဆိုပြီး တပ်ချုပ်ဘက်က ပြောတာမျိုးလိုသိရတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။