အကြမ်းဖက်စစ်ကောင်စီတပ်သား (၂) ဦး လက်နက်အပ်အလင်းဝင်လာလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ကြိုဆိုဂုဏ်ပြုချီးမြှင့်တဲ့အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
သူတို့ (၂)ဦးက ပြီးခဲ့တဲ့ ဇွန်၂၅ရက်မှာ တာဝန်ကျရာစခန်းကနေ စစ်လက်နက်MA-1 (၂) လက်၊ ကျည်ဘောက် (၇) ခု၊ ကျည် ၄၆၅ တောင့်၊ MG-5 မိုင်း ၆ လုံး၊ M-14 မိုင်း ၂ လုံး၊ ခွေးဗုံး ၂ လုံး၊ အီခွေးမဲ ၁ စုံ၊ MA-5 သေနတ်တို ၁ လက်နဲ့ ကျည် ၁၀လုံး ယူဆောင်ကာ လာရောက် လက်နက်ချ ပူးပေါင်းခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်ဆီကို အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၅၉၉)တပ်ရင်းမှ လက်နက်ချအလင်းဝင်လာတဲ့ တပ်သား စိုးသီဟနဲ့ တပ်သား ညီညီနိုင်တို့ (၂)ဦးကို ဇူလိုင် (၄) ရက်က ကြိုဆိုဂုဏ်ပြုအခမ်းအနား ပြုလုပ်ပေးခဲ့ပြီး သူတို့နှစ်ဦးကို ကျပ်သိန်း (၂၀)ခန့်ချီးမြင့်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။