မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်နေတာကြောင့် နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတွေချမှတ်ခဲ့တဲ့အတွက် အိန္ဒိယ အခြေစိုက် Adani အုပ်စု ကုမ္ပဏီဟာ မြန်မာနိုင်ငံက ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံ ရန်ကုန်မြို့မှာတည်ဆောက်မယ့် ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်းကို ဒေါ်လာသန်းပေါင်း ၁၅၀ လောက်အရှုံခံပြီး ဒေါ်လာ သန်း ၃၀ တည်းနဲ့ ရောင်းချပြီး မြန်မာနိုင်ငံက ထွက်ခွာတော့မှာဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ပိုင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) ကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူပြီး နောက်ပိုင်းမှာပဲ ရန်ကုန်ဆိပ်ကမ်းစီမံကိန်းကို ဒေါ်လာသန်း ၃၀ လောက်နဲ့ ဈေးလျှော့ပြီး ပြန်လည် ရောင်းချလိုက်တာဖြစ်ပါတယ်။
Adaniကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ ၁၉၅ သန်းအထိရှိနိုင်တယ်လို့ ခန့်မှန်းထားရပြီး ခုလို သန်း ၃၀ တည်းနဲ့ အရှုံးခံရောင်းချလိုက်တာဟာ စီးပွားရေးပိတ်ဆို့မှုအရေးယူမှုတွေကြုံနေရတဲ့ အဖွဲ့အစည်းတွေနဲ့ အတူလုပ်လုပ်ဖို့ မဖြစ်နိုင်တာကြောင့်လို့ဆိုပါတယ်။
အိန္ဒိယ အခြေစိုက် Adani အုပ်စု ကုမ္ပဏီဟာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာတည်ဆောက်မယ့် ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်းကို ဒေါ်လာ သန်းပေါင်းများစွာ အရှုံးခံပြီး အမေရိကန်ဒေါ်လာ သန်း ၃၀ နဲ့ ရောင်းချဖို့ သဘောတူညီလိုက်ပြီလို့ ရိုက်တာသတင်းမှာ မတ်လ ၄ ရက်နေ့က ဖော်ပြပါတယ်။
Adani ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေကို Solar Energy Ltd ဆိုတဲ့ ကုမ္ပဏီက ဝယ်ယူမယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ဘယ်နိုင်ငံအခြေစိုက် ကုမ္ပဏီလည်းဆိုတာ မသိရသေးဘူးလို့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။