မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ် ၊ တွင်းငယ်ကျေးရွာအနီး အကြမ်းဖက်စစ်ကောင်စီရဲ့ သပိတ်ကျင်းအခြေစိုက်အမှတ် (၂) စစ်အခြေခံလေ့ကျင်းရေးတပ်အနီးဂိတ်စခန်းကို PDF တွေက ဝင်ရောက်ပစ်ခတ်ခဲ့ရာ ရန်သူရဲ့ ဂိတ်စောင့် ရဲ ၁ ဦးသေဆုံးပြီး၊ ၁ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြင်ဦးလွင် ခရိုင် ပကဖ က ဒီနေ့ ရက်စွဲနဲ့ သတင်းထုတ် ပြန်ထားပါတယ်။
အကြမ်းဖက် တပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်ကို သြဂုတ် ၂၆ နေ့လည် ၂ နာရီ ၄၅ မိနစ်အချိန်မှာ သပိတ်ကျင်း မြို့နယ် ပကဖ၊ TBK တောဆင် ရိုင်း ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့တာပါ။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီ လက်ပါးစေ ဂိတ်စောင့် ရဲ ၁ ဦး သေဆုံးပြီး ၊ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ G 3 သေနတ် ၁ လက်သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆင်ရေးမှာ ပစ်ခတ်မှု အချိန် ၅ မိနစ် သာကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိခဲ့ဘူးလို့ ပြောပါတယ်။