အကြမ်းဖက်စစ်ကောင်စီရဲ့ ပခုက္ကူမြို့မ ရဲစခန်းက ရဲတပ်သားတစ်ဦး Southern YSO PDF ထံကို လက်နက်နဲ့တကွ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဆိုပါအဖွဲ့က ဒီနေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်ထဲမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ပခုက္ကူမြို့မ ရဲစခန်းက ရဲတပ်သားတစ်ဦးက အောက်တိုဘာ ၃၀ ရက် မှာ ၎င်းကိုင်ဆောင်တဲ့ G3 သေနတ် ၊ ကျည်ဘောက် ၄ခု၊ ကျည် ၁၂၇ တောင့် ၊လက်ထိပ် ၁ ခု နဲ့ အလင်းဝင်ရောက်လာတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လက်နက်နဲ့တကွ အလင်းဝင်လာသူကို Southern YSO PDF က နွေးထွေးစွာကြိုဆိုပြီးတော့ ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၈၀ ချီးမြှင့်ခဲ့တယ်ဆိုတာနဲ့ ဘေးကင်းလုံခြုံရာကို ပို့ဆောင်ထားပြီးဖြစ်တယ်လို့ အသိပေးထားပါ တယ်။
Southern YSO PDF ကတော့ ပြည်သူ့ရင်ခွင်ခိုလှုံလာသူကို ဆုချီးမြှင့်ရာမှာ ငွေကြေးမလုံလောက်တဲ့အတွက် ချေးငှားပြီးပေးခဲ့ရတဲ့အတွက် ပြည်သူတွေအနေနဲ့ တက်နိုင်တဲ့ဘက်က ထောက်ပံ့ကူညီကြဖို့ မေတ္တာရပ်ခံထားပါတယ်။