ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီက လစာဝင်ငွေအပေါ် အခွန်ကောက်ခံနေတဲ့ ကိစ္စကို အပြင်းအထန်ကန့်ကွက်ကြဖို့အတွက် ပြည်တွင်း ပြည်ပ အဖွဲ့အစည်း ၁၆ ဖွဲ့က စုပေါင်းပြီးတော့ တောင်းဆိုလိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ သွေးစွန်းငွေတွေကို ဖြစ်ပေါ်လာစေမဲ့ အခွန်ပေးဆောင်မှုတွေအပေါ်မှာ ကန့်ကွက်တာတွေကို ထုတ်ဖော်ပြသဖို့အတွက် တောင်းဆိုထား တာပါ။
အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ပြီးတော့ ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ လစာဝင်ငွေကနေပြီးတော့ အခွန်ကောက်ခံမှုတွေ လုပ်ဆောင် နေတာပါ။
အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ဝေခံ သံရုံးတွေက ပြည်ပရောက်မြန်မာလုပ်သားတွေ သံရုံးမှာ ပက်စ်ပို့စ်သက်တမ်းတိုးချိန်မှာ အခုလိုမျိုး အခွန်ကို အဓမ္မတောင်းယူနေတာပါ။
ပြည်တွင်း ပြည်ပ အဖွဲ့အစည်း ၁၆ ဖွဲ့ကတော့ အဲဒီပေးဆောင်ရတဲ့ အခွန်ငွေတွေက ပြည်သူတွေကို သတ်ဖြတ်တဲ့ အထောက်အပံ့ဖြစ်လာနိုင်တာကြောင့် နည်းလမ်းပေါင်းစုံ အသုံးပြုပြီး ပူးပေါင်းပါဝင် ပေးကြဖို့အတွက် တောင်းဆိုထားပါတယ်။
ပြည်တွင်း ပြည်ပ အဖွဲ့အစည်း ၁၆ ဖွဲ့ထဲမှာ BESYA ၊ သွေးစွန်းငွေ ၊ CRPH Support Group နော်ဝေ အစရှိတဲ့ အဖွဲ့အစည်းတွေ ပါဝင်တာ တွေ့ရပါတယ်။
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မှာတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မဝင်ငွေခွန်ကောက်ခံနေတဲ့ အပေါ် ဆန္ဒပြကန့်ကွက်မှုတွေ ပြုလုပ်ထားပါတယ်။