ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကလေး-သိုင်းငင်းလမ်းမကြီးဘေးမှာ အထိုင်ချ တပ်စွဲထားတဲ့ ရန်သူရဲ့ သိုင်းငင်းအကြမ်းဖက်စခန်းသိမ်း တိုက်ပွဲ အတ္ငင်း ကျဆုံးရဲဘော်များနဲ့ထိခိုက်ဒဏ်ရာရ ရဲဘော်များအတွက် ထောက်ပံ့ငွေကျပ် ၁၃ သိန်း ပေးအပ်ခဲ့တဲ့ အမျိုးသားညီ ညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအား ကျေးဇူးအထူးတင်ရှိတယ်လို့ CDF CDM SIYIN က ထုတ်ပြန်အသိပေးခဲ့ပါတယ်။
CDF CDM SIYIN မှ ကျဆုံးရဲဘော် ၁၂ ဦး နဲ့ နင်းမိုင်းထိ ခြေထေက် ဒဏ်ရာရ ရဲဘော် ၂ ဦးတို့ အတွက် ခြေတုတပ်ဆင်နိုင်ရန် ထောက်ပံ့ ငွေကျပ် ၁၃ သိန်း ကိုပေးအပ်ခဲ့တာပါ။
တီးတိန်မြို့နယ်၊ သိုင်းငင်းရွာမှာ အကြမ်းဖက်စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာသွားပေမယ့်၊ ရန်သူ တပ်သားများ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းအန္တရာယ် အခုထိ ရှိနေသေးတယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ်၊စီးယင်းနယ်မြေဒေသ၊ကလေး-သိုင်းငင်းလမ်းမကြီး တလျှောက်ဖြစ်တဲ့၊ သိုင်းငင်း ကျေးရွာ မှာ အခြေစိုက်ထားတဲ့ ရန်သူစခန်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်နေ့မှာ အပြီးသတ် စခန်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။