ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၄) ၊ မြိတ် ထားဝယ်ခရိုင် နယ်မြေ၊ အကြမ်း ဖက် စစ်ကောင်စီရဲ့ အောင်သာဝရ စခန်းသိမ်းတိုက်ပွဲက ပြန်လာတဲ့ KNU၊ KNDOနဲ့ PDF က ရဲဘော်တွေကို ဒီနေ့မှာ အခမ်းအနား နဲ့ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ Karen Youth Organization-KYO ထံက သိရပါတယ်။
အောင်သာဝရ (ဝေတိုရေ) ရန်သူတပ်စခန်းသိမ်းပွဲကနေ နောက်တန်းကို ပြန်လည်ရောက်ရှိလာတဲ့ တပ်မဟာ (၄) KNLA၊ KNDO နဲ့ PDF ပူးပေါင်းအဖွဲ့ကို ဇွန် ၂၄ ရက်မှာ ကရင်အမျိုးသား အစည်းအရုံး မြိတ်ထားဝယ်ခရိုင် ဥက္ကဠ ၊ အတွင်းရေးမှူး၊ တပ်မဟာ (၄) တပ်မဟာ မှူးတို့က လာရောက်အားပေးစကားပြောခဲ့တယ်လို့ ဆိုပါတယ်။
မြိတ်ထားဝယ်ခရိုင် လူငယ် အစည်းအရုံး (KYO) ၊ ကရင်အမျိုးသမီး အစည်းအရုံး (KWO) ၊ ဌာနဆိုင်ရာ လူငယ်တွေက ဦးဆောင်ကာ ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနား ကျင်းပပေးခဲ့တာပါ။
တနင်္သာရီမြို့နယ်ထဲက အကြမ်းဖက် စစ်ကောင်စီရဲ့ အောင်သာဝရ တပ်စခန်းကို KNU တပ်မဟာ (၄) KNDO တပ်ရင်း (၇) နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဇွန် ၁၄ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့တာပါ။