အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာရှိတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တွေကို ဩဂုတ်လ ၅ ရက်နေ့က စတင်အရေးယူလိုက်ပြီဖြစ်တယ်လို့ အမေရိကန်နိုင်ငံက သတိပေးလိုက်ပါတယ်။
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)တွေဟာနိုင်ငံခြားငွေတွေနဲ့မြန်မာအကြမ်းဖက်စစ်တပ်အတွက်လက်နက်နဲ့လေယာဉ်ဆီတွေကိုဝယ်ယူနေတဲ့အတွက် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်တုန်းက အမည်ပျက်စာရင်းသွင်းခဲ့ပါတယ်။
“မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီအနာဂတ်ကို ကြိုးပမ်းနေတဲ့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်သူတွေရဲ့ထောက်ခံမှုကို မယိမ်းယိုင်စေပါဘူး။ နိုင်ငံတကာဘဏ္ဍာရေးစနစ်ကိုအမြတ်ထုတ်ချင်တဲ့ စစ်ကောင်စီရဲ့ကို ကန့်သတ်ဖို့ တားမြစ်ထားပါတယ်” လို့ အမေရိကန်နိုင်ငံအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ Matthew Miller က ပြောပါတယ်။
ဒဏ်ခတ်ခံရတဲ့ဘဏ်တွေဟာ မြန်မာ့ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျွန်း၊ ကျောက်မျက်ရတနာနဲ့ တခြားသော သယံဇာတ တူးဖော်ရေးလုပ်ငန်းတွေကနေ စစ်အစိုးရကို အမြတ်အစွန်းရအောင် ကူညီပေးနေတယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့်မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)နဲ့မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကိုပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ အမေရိကန်နိုင်ငံအနေနဲ့ခွင့်ပြုထားခဲ့ပြီး ယခု ဩဂုတ်လ ၅ ရက်ကနေ စတင် ပိတ်ဆို့အရေးယူခဲ့တာဖြစ်ပါတယ်။