ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်နဲ့ ပျူစောထီးတွေ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားနေတာကြောင့် ရွာငံ PDF က စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ရွာငံ PDF က ရုပ်သံဖိုင်နဲ့ သတင်းထုတ်ပြန်ခဲ့ ပါတယ်။
Ywangan People Defense Force(JPRF) ရဲ့ မနေ့က ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်မှာ ရွာငံ-မန္တလေး လမ်းမကြီးလမ်းပိုင်း တနေရာမှာ လုံခြုံရေးဆောင်ရွက်ရင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု နဲ့ သုံးစွဲမှုများကိုတားဆီးစစ်ဆေးနေရတယ်လို့ အသိပေးခဲ့တာပါ။
ပင်းတယ၊ ရွာငံမြို့နယ် ၂ မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်၊ ပျူစောထီးအဖွဲ့ဝင်တွေက မူးယစ်ဆေးဝါးကို တွင်ကျယ်စွာရောင်းချနေတာကြောင့် ဒေသတွင်း မူးယစ်ဆေးဝါး သုံးစွဲသူများ များပြားနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်မှာ ရွာငံပြည်သူ့ကာကွယ်ရေးအဖွဲ့က ညပိုင်းလမ်းပိုင်းလုံခြုံရေး စစ်ဆေးစဥ် မူးယစ်ဆေးဝါးသုံးစွဲသူ အများအပြားကို စစ်ဆေးတွေ့ရှိခဲ့ပေမယ့် သတိပေးကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြောပါတယ်။
ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြည်သူများရဲ့ အသက်၊ အိုးအိမ်၊စည်းစိမ်များကို ကာကွယ်ရန် အတွက်သာမက အကျင့်၊ စာရိတ္တ မှားယွင်းနေပါကလည်း ပြုပြင်ပေးရန် တာဝန်ရှိတယ်လို့ အသိပေးဖော်ပြထားပါတယ်။