အကြမ်းဖက်စစ်တပ်က တပ်ပျက်နေပြီးတော့ လက်ရှိအချိန်မှာ စုပေါင်းစပ်ပေါင်းပုံစံနဲ့ သွားနေရတယ်လို့ ဖမ်းဆီးခံ ထားရတဲ့ စစ်သုံ့ပန်း ဒုဗိုလ်မှူးကြီး သက်အောင်က ပြောကြားလိုက်ပါ တယ်။
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် သံဘိုကျေးရွာတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း ဒုဗိုလ်မှူးကြီး သက်အောင် ပြောဆိုချက်ရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထုတ်ပြန်လိုက်တာ ပါ။
” ခေါင်းဆောင်တွေနေရာပြောင်းတပ်ကတည်ငြိမ်မှုမရှိဘူး၊ စိတ်ဓာတ်အခြေအနေအရ တချို့တပ် တွေ ၁ လတခါလဲတယ်။ တချို့တပ်တွေက ၄ ၊၅ ၊၆ လနေတာတောင် မလဲဘူး၊မလဲတော့ ဘာဖြစ်လဲဆိုတော့ လုံခြုံရေးခြိမ်းချင်ကြတယ်။ နောက်တန်းကိုဘဲပြန်ချင်ကြတယ်၊ တော်တော် များများစိတ်က အဲလိုဘဲဖြစ်နေတယ်။ တိုက်လို၊ခိုက်လိုစိတ်လည်းမရှိကြဘူး။ ၁လလောက် ဘဲနေရတဲ့ အဖွဲ့က ကြတော့ ခနခနချိန်းနေတယ်။ အဲဒီအချိန်မှာ ၄ လလောက်ကြာအောင် မချိန်းရတဲ့ အဖွဲ့ကကျတော့ သူအရှေ့မှာ အဖွဲ့တွေချိန်းပြီး သူတို့မချိန်းရတော့ စိတ်ဓာတ်တွေ ကျလာတယ်။ တိုက်ခိုက်ရေးအတွေ့အကြုံမရှိဘဲစုပေါင်းစပ်ပေါင်း တပ်အခေါ်အဝေါ် စုပေါင်းစပ်ပေါင်းခေါ်တယ်။ စုပေါင်းစပ်ပေါင်းအဖွဲ့တွေနဲ့ကျတော့ ဘယ်သူက ဘာလုပ်ရမှန်းမသိ။ ဘယ်သူက ဘာအရည်အချင်းရှိလည်းမသိ၊ ဘယ်သူက တိုက်ရည်ခိုက်ရည်မရှိမသိ၊အဲလိုနဲ့ အခက် အခဲတွေဖြစ်.တိုက်ပွဲဖြစ်တဲ့အချိန်မှာ အဓိကအခက်အခဲကတော့ သေနတ်ပစ်ရဲအောင်လုပ်ရတဲ့ အဓိက အခက်အခဲဖြစ်ပါတယ်။” လို့ စစ်သုံ့ပန်း ဒုဗိုလ်မှူးကြီး သက်အောင် က ပြောပါတယ်။
အကြမ်းဖက်စစ်တပ်မှာ တစ်နှစ်ပတ်လုံး စစ်ဆင်ရေးလုပ်ဆောင်နေရတဲ့အတွက် နားချိန်မရှိတော့ဘူး ဆိုတာနဲ့ အဲဒီလို နားချိန်မရှိတဲ့အတွက်လည်း စိတ်ကျရောဂါခံစားနေရတယ် လို့ လည်း ဆက်ပြောပါတယ်။
စစ်သုံ့ပန်း ဒုဗိုလ်မှူးကြီး သက်အောင် က ” စစ်ဆင်ရေးဟာ ပုံမှန်အားဖြင့်ဆိုရင် စစ်ဆင်ရေးဝင်ရတဲ့အချိန်ရှိ မယ်၊နားရမယ့်အချိန်ရှိမယ်၊ အခုကနားရတဲ့အချိန်ဆိုတာ မရှိသလောက်ဖြစ်သွားပြီ၊ ၁နှစ်ပတ်လုံး ကိုယ့်တပ်ကို ပြန်မကပ် ရဘူးဆိုတော့ တော်တော်များများက ဒီပရက်ရှင်တော့ဝင်တာပေါ့ဗျာ” လို့ ပြောပါတယ်။
ဒါအပြင် အကြမ်းဖက်စစ်တပ်မှာ အောက်ခြေရဲဘော်တွေက ဦးပိုင်မှာ လစဉ်ထည့်ဝင်ငွေတွေကို မဖြစ်မနေ ထည့်ဝင်နေကြရတဲ့အပေါ် စိတ်ပျက်နေကြတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကြမ်းဖက်စစ်တပ်က လက်နက်ချ အညံခံနေ တာကလည်း အကြမ်းဖက်စစ်တပ်ရဲ့ တပ်တွင်းဖွဲ့စည်းပုံတွေမှာ ရာထူးပေးတာ မမျှတတာ ၊ လာလ်ထိုးနိုင်တဲ့သူတွေက နေရာကောင်းရနေတာတွေကြောင့် အသေခံပြီးတော့ မလုပ်ချင်ကြတော့ ဘူးလို့လည်း ပြောပါတယ်။