အကြမ်းဖက်စစ်တပ်ရဲ့ တပ်စခန်းတွေက လက်နက်ချအညံခံဖို့အတွက် ဆက်သွယ်မှုတွေ ရရှိထားတယ်လို့ ရက္ခိုင့်တပ်တော် (AA) ဒီနေ့ညမှာ ထုတ်ပြန်အသိပေးလိုက်ပါတယ်။
ထုတ်ပြန်ချက်မှာ ရှမ်းမြောက်ဒေသအတွင်း ဒကစ (လောက်ကိုင်) တစ်ခုလုံး လက်နက်ချ အညံခံပြီး နောက်မှာ ရက္ခိုင်ပြည် ၊ ကျောက်တော်မြို့နယ် ၊ တောင်ရှည်တောင်ဗျူဟာစခန်းက ရန်သူ့အင်အား ၂၀၀ ခန့်က (စခန်းတစ်ခုလုံး) လက်နက်ချ အညံခံခဲ့တယ်ဆိုတာနဲ့ နောက်ထက် အကြမ်းဖက် စစ်တပ်စခန်းတွေကလည်း ရက္ခိုင့်တပ်တော် (AA) ထံကို လက်နက်ချ အညံခံဖို့အတွက် ဆက်သွယ် မှုတွေ ရရှိထားပြီလို့ အသိပေးဖော်ပြခဲ့တာပါ။
တောင်ရှည်တောင်ဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်းမှာ ရက္ခိုင့်တပ်တော် (AA) နဲ့အတူ မိတ်ဖက်အဖွဲ့ အစည်းအချို့ကရဲဘော်တွေလည်း စစ်ရေးအတွေ့အကြုံယူရင်း တက်ကြွစွာနဲ့ တိုက်ပွဲဝင်ခဲ့ကြတယ် လို့ ဖော်ပြထားပါတယ်။
ပလက်ဝအနောက်ဘက်ခြမ်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စခန်းတိုင်းကို တိုက်ခိုက်သိမ်းပိုက်နိုင် ပြီဆိုတာနဲ ပလက်ဝဒေသတစ်ခုလုံး အကြမ်းဖက်စစ်ကောင်စီ ကင်းစင်တဲ့ နေမယ်ဖြစ်လာနိုင်ဖို့ အတွက် ကျန်တဲ့စခန်းတွေကို ယခုရက်ပိုင်းအတွင်း အပြီးသတ်ချေမှုန်းတိုက် ခိုက်သွားမယ်လို့ ဖော်ပြထားပါတယ်။
မနေ့က ညနေ ၄ နာရီမှာ ရက္ခိုင်ပြည်၊ မြောက်ဦး သင်းကျစ်တော်တောင် စခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲံတယ်ဆိုတာနဲ့ ရန်သူ အကြမ်းဖက်စစ်တပ်ရဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေနဲ့ လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိခဲ့ပါတယ်။
အကြမ်းဖက်စစ်သားတွေ ၊ စစ်စခန်းတွေ အနေနဲ့ လက်နက်ချ အညံခံလိုပါက ရက္ခိုင့်တပ်တော် (AA) ထံကို အချိန်မရွေးဆက်သွယ်နိုင်တယ်လို့လည်း အသိပေးဖော်ပြထားပါတယ်။