တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကိုခံခဲ့ရတဲ့ ဒေသခံမိသားစု ၁၃၇ စုအတွက် ၁ အိမ်ထောင် လျှင် ၁ သိန်း နှုန်းဖြင့် ၁၃၇သိန်းကျပ်အား ထောက်ပံ့ပေးခဲ့တယ်လို့ လောင်းလုံမြို့နယ်_ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရပါတယ်။
အကြမ်းဖက်စစ်တပ်မီးရှိုးဖျက်ဆီးခဲ့တဲ့ သကျက်တောကျေးရွာ ၊ကြက်ယက်တွင်းကျေးရွာ၊သပြေရှောင်ကျေးရွာတို့မှ ပြည်သူ့နေအိမ် ၁၃ လုံးအတွက် ဇန်နဝါရီ ၂၄ ရက်နေ့မှာ မြို့နယ် ပအဖ၊ရပ်ကျေး ပအဖတို့မှ ၁ အိမ်လျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့်ထောက်ပံ့ပေးခဲ့တယ် လို့ဆိုပါတယ်။
လောင်းလုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပထမအဆင့် အနေဖြင့် မီးရှို့ခံရတဲ့ ပြည်သူများထံအရောက် ထောက်ပံ့ပေးခဲ့ပြီး၊ ဒုတိယ အဆင့် အနေဖြင့် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်တဲ့ ကူညီမှုများကို ပအဖများ၊ ပြည်သူများပါဝင်ဝန်းရံမှုနဲ့အတူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
လောင်းလုံ ပအဖ အနေဖြင့် ဒီဇင်ဘာ ၂၀၂၃ ခုနှစ် မှ ဇန်နဝါရီ ၂၀၂၄ ခုနှစ်အတွင်း ရန်သူစစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့တဲ့ လေးသွန်းခံကျေးရွာ၊ စစ်ပြဲကျေးရွာ၊ပိန္ဒဲတောရွာ၊သကျက်တောကျေးရွာ၊ ကြက်ယက်တွင်း ကျေးရွာအုပ်စု၊သပြေရှောင်ကျေးရွာ၊ အောက်ကျောက်ဝပ်ကျေးရွာ၊ ညောပြင်ကျေးရွာတို့မှ နေအိမ် ၁၃၇ အိမ်ဆောင်အတွက် ထောက်ပံ့ ပေးခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ သတ်ဖြတ်ခြင်းခံရတဲ့ ပြည်သူများရဲ့ ကျန် ရစ်သူ မိသားစု ဝင်များအတွက် မိသားစု ၁ စုလျှင် ၁ သိန်းနှုန်း ထောက်ပံ့ပေးခဲ့ပြီး၊စစ်ရှောင်ပြည်သူများအတွက် စားနပ် ရိက္ခာ၊ ဆေးဝါး၊ယာယီ အဆောက်အအုံများအတွက် လိုအပ်တဲ့ ပံ့ပိုးကူညီမှု များအား လုပ်ဆောင်နေတယ်ဆိုတာ အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်လိုက် တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။