စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် မီးဘေးသင့်ခဲ့ရတဲ့ ပြည်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့ကူညီမှုတွေပြုလုပ်ခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ဒီနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ အထိနာနေတဲ့ အကြမ်းဖက်စစ်တပ်က နိုဝင်ဘာ ၁၂ ရက်မှာ အေးကုန်းကျေးရွာကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီး သွားခဲ့ပြီး ဒေသခံနေအိမ် ၁၆ လုံး မီးလောင်ပြာကျခဲ့ရတယ်လို့ ဖော်ပြထားပါ တယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ၇၀၈ တပ်ရင်းရဲ့ စစ်ကြောင်းက ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး မီးဘေးသင့်ခဲ့တဲ့ အေးကုန်းကျေးရွာ ဒေသခံများကို ပုလဲမြို့နယ် (ပအဖ)၊ လူသားစာနာ ထောက် ထားရေး တာဝန်ခံ၊ အမျိုးသမီး၊လူငယ် နဲ့ ကလေးသူငယ်တာဝန်ခံတို့က ဒီနေ့မှာ သွားရောက်တွေ့ဆုံအားပေးခဲ့ပြီး ထောက်ပံ့ကူညီမှုတွေပြုလုပ်ခဲ့တာပါ။
ထောက်ပံ့ကူညီမှုအဖြစ်နဲ့ ကျပ်သိန်း (၃၀) ခန့် တန်ဖိုးရှိတဲ့ ဆန်၊ဆီ၊မိုးကာ၊စောင်၊အနွေးထည်၊အမျိုးသမီးဝတ် လုံချည်၊အိမ်သုံး အသုံးအဆောင်များနဲ့ ငွေသား ၁ သိန်းကို အရေး ပေါ်ကူညီ ထောက်ပံ့ပေးခဲ့ကြပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်စွာ မီးရှို့ဖျက်ဆီးခံခဲ့ကြရတဲ့ အေးကုန်းကျေးရွာ မီးဘေးသင့်ပြည်သူများအား အရေးပေါ် အကူအညီများ လိုအပ်နေသေးတယ်လို့လည်း ပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့မှ ဖော်ပြထားပါတယ်။