အကြမ်းဖက်စစ်တပ်ဆီကို စီးဆင်းနေတဲ့ သွေးစွန်းငွေတွေကို ဖြတ်တောက်တဲ့တိုက်ပွဲမှာ ပြည်သူတွေအနေနဲ့ မီးကုန်ယမ်းကုန်ပါဝင်ပေးကြဖို့အတွက် သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာစန်းကပြောကြားလိုက်ပါတယ်။
ဒီနေ့က ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ကျဆုံးခဲ့တာ တနှစ်ပြည့်ဖြစ်ပြီး “သူရဲကောင်းတို့ မျှော်ရည်ချက် ပြည်သူ့အားနဲ့ ဆက်ချီတက်” အမည်ပေးထားတဲ့ အခမ်းအနားမှာ အခုလိုမျိုး ထည့်သွင်းပြောကြားလိုက်တာ ပါ။
“အကြမ်းဖက် စစ်တပ် ရဲ့ သွေးစွန်းငွေ ဖြတ်တောက်ခြင်း၊ ပြည်သူငွေများ တပြားတချပ်မှ အကြမ်းဖက် စစ်တပ် စီမရောက်ရေး၊ ပြည်တွင်း၊ပြည်ပမှ ဘဏ္ဍာငွေမျာ မရောက်ရှိအောင် လုပ်ဆောင်ခြင်းဖြင့် ဘဏ္ဍာရေး တိုက်ပွဲ ၊စီးပွားရေး တိုက်ပွဲ မှာ မီးကုန်ယမ်းကုန် ပါဝင်ကြပါလို့ပြောကြားရင်း အာဇာနည် များ အောက်မေ့ခြင်း အခမ်းအနားကနေ တနိင်ငံလုံး၊တကမ္ဘာလုံးက ပြည်သူတွေကို အသိပေးတင်ပြချင်ပါတယ်။” လို့ ဒေါက်တာတေဇာစန်းက ပြောကြားခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ကို ကမ္ဘာကြီးက စီးပွားရေးပိတ်ဆို့အရေးယူနေမှုတွေက အတော်လေးကို ထိခိုက်နေပြီ ဆိုတာနဲ့ အဲဒီလို ဖြစ်နေတဲ့အတွက် ၂ သောင်းတန်တွေကို ထုတ်နေတဲ့ အခြေအနေကို ရောက်နေပြီလို့ ပြော ထားပါတယ်။
ပြည်သူတွေအနေနဲ့ စီးပွားရေးတိုက်ပွဲ စာမျက်နှာကို အလေးထားကြဖို့နဲ့ အကြမ်းဖက် စစ်အုပ်စုဆီကို ပြည်သူ့ငွေတွေ တပြားတချပ်မှ ရောက်မသွားရေးအတွက် ဂရုစိုက် ဆင်ခြင်ကြဖို့အတွက်က အရေးကြီး ဆုံးဖြစ်တယ်လို့လည်း ဒေါက်တာတေဇာစန်းက ပြောကြားခဲ့ပါတယ်။