အကြမ်းဖက်စစ်အုပ်စုက ၂ နှစ်ကျော်ကာလ ရက်ပေါင်း ၃၆၀ အတွင်း ၃ ရက်မှာ ၁ ရက်နှုန်း နဲ့ လေကြောင်းအသုံးပြုသတ်ဖြတ်နေတယ်လို့ Nyan Lynn Thit Analytica ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၁ ဖေဖော်ဝါရီလကစပြီး ၂၀၂၃ ဧပြီလအတွင်း ၃ရက်မှာ ၁ရက် လေကြောင်းအသုံးပြုတာဖြစ်တယ်လို့ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုကခေတ်အဆက်ဆက် လူ့အခွင့်အရေးချိုးဖောက်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုတို့ကို ကျူးလွန်ခဲ့တဲ့အလျောက် အခုနွေဦးတော်လှန်ရေးမှာလဲ အရပ်သားတွေကို ဦးတည်ပစ်မှတ်ထားတဲ့ လေကြောင်းစစ်ဆင်ရေးတွေကို ပြုလုပ်နေပါတယ်။
လေကြောင်းအသုံးပြုမှုစုစုပေါင်း ၁၄၂၇ ကြိမ်ရှိခဲ့ပြီး ကရင်၊ စစ်ကိုင်းနဲ့ ကရင်နီဒေသတွေကို အများဆုံးတိုက်ခိုက်ခဲ့တယ်လို့ Nyan Lynn Thit Analytica ထုတ်ပြန်ချက်အရသိရပါတယ်။
လေကြောင်းတိုက်ခိုက်တဲ့ အရေအတွက်က တရှိန်ထိုးမြင့်တက်လာခဲ့ပြီး ၂၀၂၃ ခုနှစ်ရဲ့ ပထမ ၄ လ အတွင်းမှာပဲ (၄၅၄) ကြိမ်ရှိနေပြီဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် အစုလိုက်အပြုံလိုက် အရပ်သားသေဆုံးမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှု အရပ်အသေဆုံးမှု အမြင့်ဆုံးမြို့နယ်တွေထဲမှာ မြဝတီ၊ ဒီမော့ဆို၊ဖာပွန်၊ ကန့်ဘလူ၊ ဖားကန့်နဲ့ ယင်းမာပင်တို့ ဖြစ်တယ်လို့ Nyan Lynn Thit Analytica ထုတ်ပြန်ချက်သိအရ ရပါတယ်။