ရန်ကုန်မြို့တွင်း တနေရာ၌ အကြမ်းဖက်စစ်အုပ်စုထံ လေ ယာဉ်တင်ဆီတင်ပို့နေမှု ချက်ချင်းရပ်တန့် ရန် White Campain (အဖြူရောင်လှုပ်ရှားမှု)ကို ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်ထံ လေယာဉ်ဆီနှင့် ဆက်စပ်ပစ္စည်းများကို တင်ပို့ရောင်းချ ထောက်ပံ့ပေးနေ သော နိုင်ငံများ၊ ကုမ္ပဏီများ အနေဖြင့် အမြန်ဆုံးရပ်တန့်ရန် ၊ နိုင်ငံရပ်ခြားတွင်သွား ရောက် အလုပ် လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ အနေ ဖြင့် အကြမ်းဖက်စစ်ကောင်စီထံအခွန်မဆောင်ကြရန် နှင့် ပြိုကွဲပျက်စီးနေသော အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ အရာရှိ ၊ အရာခံ တပ်သားများအ နေဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံကြရန် နှိုးဆောင်တိုက်တွန်းခြင်းစသည့် ရည်ရွယ်ချက်များဖြင့် ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။