အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ တပ်တွေက အပြစ်မဲ့ ပြည်သူလူထုကို ရန်သူသဖွယ် ပစ်မှတ်ထား ယုံတင်မကဘဲ နိုင်ငံရေး အမြတ်ထုတ်ဖို့အတွက် အဖျက်အမှောင့် ဗျူဟာတွေကို စနစ်တကျ စီစဥ် လုပ်ဆောင်နေတယ်လို့ ကေအဲန်ယူ ဒူးပလာယာ ခရိုင် သတင်းနဲ့ ပြန်ကြားရေးဌာနက ဒီနေ့မှာ ထုတ်ပြန် လိုက်ပါတယ်။
အကြမ်းဖက် စစ်ကောာင်စီ လက်အောက်ခံ ကြာအင်းဆိပ်ကြီးအခြေစိုက် အမှတ် (၁) ဗျူဟာကုန်းမှ ၁၂၀ မမ နဲ့ ကေအဲန်ယူ ဒူးပလာယာ ခရိုင် ၊ နို့တကော မြို့နယ်နဲ့ ကြာအင်းဆိပ်ကြီး မြို့နယ်သို့ ရည်ရွယ်ချက် ရှိရှိ စနစ်တကျ ပစ်ခတ်ခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အကြမ်းဖက် စစ်ကောာင်စီဘက်မှ လက်နက်ကြီး များအား ပြည်သူနေ မြို ရွာ အတွင်းသို့ ဦးတည်ပစ်ခတ်ပြီး ၊ ကေအဲန်ယူ တပ်ဖွဲ့များမှ လာရောက် ပစ်ခတ်တယ်လို့ ကောက်ကျစ် ယုတ်မာသော ၀ါဒ ဖြန့်မှုများ အား လုပ်ဆောင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ ပစ်ခတ်မှုမှာ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ တရားရေး ဌာန ရုံး အနားမှာ (၁)ကြိမ်၊ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ ရဲဌာနရုံးနားမှာ (၁) ကြိမ် ပေါက်ကွဲခဲ့ပြီး မည်သူမျှ ထိခိုက်မှု မရှိဘဲ တရားရုံးရဲ့ အမိုး သွပ်ပြားနဲ့ အကြမ်းဖက် စစ်ကောင်စီ လက်ပါးစေ ရဲဌာန မိသားစုတွေ နေထိုင်ရာ အဆောက်အအုံ တစ်ချို့ လက်နက်ကြီး ကျည်စ ထိမှန် ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။