မွန်ပြည်နယ်၊ သထုံမြို့နယ်မှာရှိတဲ့ (PNO) ရုံးကို လာတဲ့ အကြမ်းဖက်စစ်ကောင်စီခန့် ဝန်ကြီးချုပ်လမ်း ကြောင်းကို သထုံ ပ.က.ဖ က ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ လုံခြုံရေးယူပေးတဲ့ အစောင့်တပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်က စက်တင်ဘာ ၁၁ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
နောင်ကုလားကျေးရွာကပြည်သူ့စစ်အမည်ခံ ပအိုဝ်း (PNO)ရုံးသို့ စက်တင်ဘာ ၈ ရက် မနက် ၅ နာရီ ၄၅ မိနစ်ခန့်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာမွန်ဝန်ကြီးချုပ်၊ ပအိုဝ်းရေးရာဝန်ကြီး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးများ လာရောက်မယ်လို့ သတင်းကြိုတင်ရရှိ ချက်အရ သထုံ ပကဖ က အင်အားပြင်းမိုင်းနဲ့ အသင့်စောင့်ကြို ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ လုံခြုံရေးယူပေးတဲ့ အကြမ်းဖက် အစောင့်တပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အကြမ်းဖက် တပ်သားများရဲ့ အထိအခိုက် အကျဆုံးစာရင်းကို အသေးစိတ် စုံစမ်းနေဆဲဖြစ်ပြီး အထက်ပါ တိုက်ခိုက်မှုကို သထုံ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။